ဖခင်ရဲ့ရုပ်အလောင်းကို ကတိအတိုင်း ၈၉၃ သိန်းတန် ကားအသစ်တစ်စီးဖြင့် မြေမြုပ်သဂြိုလ်ပေးခဲ့တဲ့ အမျိုးသား
ဖခင်ရဲ့ရုပ်အလောင်းကို ကတိအတိုင်း ၈၉၃ သိန်းတန် ကားအသစ်တစ်စီးဖြင့် မြေမြုပ်သဂြိုလ်ပေးခဲ့တဲ့ အမျိုးသား
Nigerianနိုင်ငံသား အမျိုးသားတစ်ဦးဟာ ဖခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ရိုးရာအခေါင်းတလားအစား BMW ကားအသစ်တစ်စီးထဲထည့်ပြီး မြေမြုပ်သဂြိုလ်စေခဲ့ပါတယ်။ Nigerianနိုင်ငံ Ihiala မြို့ရှိ Azubuike အမည်ရှိတဲ့အဆိုပါအမျိုးသားက သူတို့ရဲ့ရိုးရာဓလေ့ကို ဆန့်ကျင်ပြီး အခုလိုလုပ်ရခြင်းက ဖခင်ဖြစ်သူကို ဘဝတစ်လျှောက်ကောင်းကောင်းစီးနိုင်မယ့် ကားတစ်စီးဝယ်ပေးဖို့ ကတိပေးခဲ့တာကြောင့် ဖခင်ဖြစ်သူရဲ့ရုပ်အလောင်းအား ဒေါ်လာ ၆၆,၀၀၀ ( ၈၉၃သိန်း) တန်ဖိုးရှိတဲ့BMW ဇိမ်ခံကားအသစ်တစ်စီးဖြင့် မြေမြုပ်သဂြိုလ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်းဆိုခဲ့ပါတယ်။
Azubuikeရဲ့အကုန်အကျများတဲ့စတန့်နဲ့ ဖခင်ဖြစ်သူကို ဂုဏ်ပြုခဲ့ပေမဲ့ ကမ္ဘာတစ်ဝှမ်းကလူတွေအတွက် အထင်ကြီးလေးစားစရာမရှိစေခဲ့ပါဘူး။ဖခင်ဖြစ်သူရဲ့အခေါင်းတလားအား Ihiala မြို့ကနေ ဝေးလံခေါင်သီတဲ့ ရွာတစ်ရွာရဲ့ င်္သချိုင်းတွင်းထဲသို့ မြေချပေးနေတဲ့ဝတ်စုံအနက်နဲ့လူတစ်စုရဲ့ဓာတ်ပုံကို Zevi Gins အမည်ရှိအမျိုးသားက Facebook ပေါ်မျှဝေခဲ့ပြီးနောက် ၎င်းဖြစ်ရပ်ဟာ Nigerian နိုင်ငံသားတွေရဲ့အာရုံကို ချက်ချင်းဖမ်းစားစေခဲ့ပါတယ်။သိုပေမဲ့ သတင်းအချက်အလက်တွေအရ ၎င်းဖြစ်ရပ်က မှန်၊မမှန်သေချာမသိခဲ့ရသလို နောက်ဆုံး စျာပနာအခမ်းအနားအတွက် သားဖြစ်သူမှ အတည်ပြုပြီး ရိုက်ကူးထားခဲ့တဲ့ဓာတ်ပုံကို ပြန်မျှဝေပေးခဲ့ခြင်းလည်းမရှိခဲ့ပါဘူး။ဘယ်လိုဘဲဖြစ်ဖြစ် ကွယ်လွန်သွားခဲ့တဲ့ ဖခင်ကို ဂုဏ်ပြုဖို့အတွက် တန်ဖိုးကြီးကားထဲမြေမြုပ်သဂြိုလ်ခြင်းကြောင့် အလွန်ဒေါသထွက်နေခဲ့ကြတဲ့လူအချို့လည်း ရှိနေခဲ့ပါတယ်။
Comments
Post a Comment