အချိန်မရလဲ ( ၅ )မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ်
အချိန်မရလဲ ( ၅ )မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ် မနက် 11 : 30 အချိန်လောက် ရှိနေပြီ ” လမ်းဘေးက ကော်ဖီဆိုင်ရဲ့ မြေတလင်းပြင်လေးမှာ ( ၇၅ ) နှစ် အရွယ် ၊အမေအို တစ်ယောက်နဲ့ တွေ့တော့ စကားမစပ် မေးမိပါတယ် ”။ ” အမေ” ဒီမှာ ဘာထိုင်လုပ်နေတာလဲ လို့ပေါ့။ ချိ့နဲ့နဲ့ အားအင်လေးနဲ့ ထကာ ” ကတုန်ကယင် အသံလေးတွေနဲ့ ..အမအိုပြောပုံက သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက်ဆံလာထုပ်တာပါ ဘဏ်ရုံးမဖွင့်သေးလို့. ခနထိုင်စောင့်နေတာပါတဲ့ ၊၊ ကျွန်တော်ဖြင့် သနားလိုက်တာ ၊ မျက်ရည်တောင် ဝဲမိတယ် ၊၊ နေ့လယ်အချိန် ရောက်လာတော့ ရုံးက မဖွင့်သေးဘူး ဒီနေ့ရုံးပိတ်များလား မသိဘူး သေချာအောင် အမေ့ သားသမီးတွေဆီဖုန်းဆက်ကြည့်ပါ့လား။ ဖုန်းပါလား မေးလိုက်တော့ ပါတယ် ပါပါတယ် သားရယ် ပြောကာ အိပ်ထဲက. ဖုန်းလေးကို မမိတမိ ဆွဲကာ ကျွန်တော်ကို လှမ်းကြည့်နေတယ်၊၊ ဖုန်းနံပတ် သိလား အမေ ” ” ဒါပဲ သား ဒိဖုန်းနံပါတ်ပဲဆိုပြီး ပြောရင်းဆိုရင်း အမေအိုက ဖုန်းကိုဖွင့်ကာ နံပတ်တွေအား နှိပ်တော့တယ် ၊၊ လက်တွေ တုန်နေတာမို့ ၊ နှိပ့်၍ မရပေ၊၊ ကျွန်တော်လည်း ဖုန်းနံပတ်ကို အတိအကျ နှိပ့်ပြီး ဖုန်းခေါ်ကြည့်တော့ ဖုန်းဝင်သွားတယ်ဗျ ” ( ဟဲလို ) အကို……. ဒီမှာ အကိုရဲ့ ” အမေ ” ဘဏ်ရုံးမှာ လွ...